Welcome to my images of thought!

I'm not good at writing ....this blog is just a part of my thought and you can see my inner heart through it if you can .... Enjoy!!!

Monday, September 20, 2010

မွေးနေ့ဖိတ်စာ

ဒီတခေါက် ကျောင်းပိတ်လို့အိမ်ကိုခဏပြန်တော့ မေမေက သူ့ဒိုင်ယာရီထဲမှာ ညှပ်ပီးသိမ်းထားတဲ့ ပလတ်စတစ်အကြည်လေးနဲ့သေချာထုပ်ထားတဲ့ စက္ကူကဒ်ပြားလေးတခုကိုထုတ်ပေးပါတယ်.... သမီး ၁နှစ်ပြည့်တုန်းက မွေးနေ့ဖိတ်စာလေးတဲ့ .. ၂၃နှစ်ဆိုတာတကယ်ကို ခဏလေးပါပဲတဲ့လေ... အဲတုန်းကမွေးနေ့ပွဲလေးအကြောင်းကို မေမေပြန်ပြောပြပါတယ် ... မေမေ့အသံကချိုမြနေသလို မေမေ့မျက်လုံးတွေကလည်းပီတိတွေနဲ့ ပြုံးနေပါတယ်.. မွေးနေ့ပွဲလေးက ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး .. အိမ်နားကမိတ်ဆွေတွေနဲ့ လမ်းထဲကအသိတွေအနည်းအပါးလောက်ကိုပဲဖိတ်ပြီး မေမေကိုယ်တိုင် ငါးခူအကြီးကြီးတွေနဲ့မုန့်ဟင်းခါးချက်ပီး သမီးအတွက်အမှတ်တရလုပ်ပေးတာတဲ့လေ.. အဲဒီနေ့မှာမွေးနေ့ရှင်သမီးက မေမေကိုယ်တိုင်ချုပ်ပေးတဲ့ ဂါဝန်လှလှလေးကိုဝတ်ထားတယ်တဲ့လေ.. ပွဲလမ်းတွေ လူရှုပ်ရှုပ်နဲ နေရာမျိုးတွေကို ရှောင်တတ်တဲ့ ဖေဖေက သမီးကို မွေးနေ့လုပ်ပေးဖို့ဘယ်လိုစိတ်ကူးရတယ်မသိပါဘူးတဲ့လေ.. မေမေ့ ဒိုင်ယာရီစာအုပ်ကြားက အနှစ် ၂၀ကျော်သိမ်းထားခဲ့တဲ့ ကျမရဲ့ မွေးနေ့ဖိတ်စာလေးက ညိုညစ်ညစ်လေးနဲ့ဟောင်းနွမ်း သယောင်ဖြစ်နေပါပီ.. ဒါပေမဲ့ ကျမရဲ့မွေးနေ့ပွဲလေးအကြောင်းပြောပြနေတဲ့ မေမေ့ရဲ့ပီတိတွေနဲ့လက်ဖြာနေတဲ့  မျက်ဝန်းတွေကတော့ ကျမရဲ့ ၁နှစ်ြပည့်မွေးနေ့ပွဲက ကျမရဲ့ပုံရိပ်တွေက ဘယ်တော့မှမဟောင်းနွမ်းသွားဘူးဆိုတာသက်သေပြနေပါတော့တယ်..

No comments: