နွေးထွေးတဲ့အိမ်ဆိုတဲ့အသိုက်အမြုံလေးက နေဘ၀အတွက်မျှော်လင့်ချက်တွေ အနာဂါတ်တွေဖန်တီးတည်ဆောက်ဖို့စိတ်ကူးတွေနဲ့ထွက်ခွာခဲ့တာလည်း ရာသီခွင်၂ခုမကပြောင်းခဲ့ပီမို့ နေသားတကျဖြစ်နေပီလို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့ကျတော့ ထင်သလောက်မလွယ်ကူလှပါဘူး ... အမှန်တော့ အလွမ်းတွေနဲ့ နေသားကျသွားတာပါ.. အဝေးမှာနေတာကြာလာတော့မှ မိသားစုတွေရဲ့ နွေးထွေးမှုတွေကအဖိုးတန်တဲ့တမ်းတစရာတွေဖြစ်လာခဲ့တယ်... ၂ပတ်လောက်ကျောင်းပိတ်တာနဲ့အိမ်ပြန်ပြေးချင်တဲ့စိတ်က အခုချိန်မှာဖြစ်နေနိုင်ပေမဲ့ နောင်တချိန်အလုပ်တာဝန်တွေနဲ့ဖြစ်လာတဲ့ အခါမဖြစ်နိုင်တော့မှန်းလဲသိနေပြန်တယ်.... အနည်းဆုံး တပတ်ကို၂ခါလောက်ဖုန်းဆက်နေပေမဲ့လည်း မေမေနဲ့ပြောစရာဆိုတာ ကုန်တယ်ရယ်မရှိခဲ့ပြန်ပါဘူး... ဖုန်းတကဒ်စာ ၂၃ မိနစ်ဆိုတာ ၂မိနစ် ၃မိနစ်လားထင်ရအောင်မြန်ဆန်နေသလိုပါပဲ... အလိုအခါမျိုးမှာ မေမေ့ဆီက စာလေးတွေဟာ တကယ်ကိုအားကိုးစရာဖြစ်ခဲ့ပါတယ် ...မေမေ့ရဲ့လက်ရေးတွေဆီက နွေးထွေးမှု ဂရုစိုက်မှုတွေကို ခံစားရသလို မေမေဆုံးမစကားတွေ အားပေးစကားတွေကလည်း ကျမရဲ့ homesick ကို သက်သာစေခဲ့ပြန်တယ်.. တခါတရံမေမေ့ရဲ့အလွမ်းတွေကိုခံစားရလို့ မျက်ရည်ကျရပေမဲ့ မေမေပြောပြတဲ့ အိမ်ကအကြောင်းတွေကြောင့် အိမ်နဲ့ဝေးနေပေမဲ့အိမ်ရဲ့နွေးထွေးမှုတွေကိုခံစားရလို့ကြည်နူးရပြန်တယ်... အမှန်တော့ မေမေ့ရဲ့စာလေးတွေဟာ အိမ်နဲ့ဝေးနေတဲ့ကျမကို အိမ်နဲ့ပေါင်းကူးပေးထားတဲ့ ကြင်နာခြင်းတွေနဲ့တည်ဆောက်ထားတဲ့တံတားလေးတွေပါပဲ.. အဲဒီတံတားလေးတွေကြောင့် မေမေ့ရဲ့မေတ္တာတွေကို အဝေးကြီးကနေအပြည့်အ၀ခံစားနေရသလို အိမ်ရဲ့နွေးထွေးမှုကိုလည်း ကျမ မဆုံးရှုံးရတော့ပါဘူး... ကျေးဇူးပါမေမေ.......
No comments:
Post a Comment