အခုတလော စိတ်တွေကရှုပ်ထွေးနေသည်မို့ မြင်သမျှ တွေးသမျှဟာစိတ်ဓါတ်ကျစရာတွေသာဖြစ်နေသာကြာပါပီ ... ကျောင်းပီးခါနီးမို့ခံစားရသောစိတ်ဖိစီးမှုနှင့် dissertation အတွက်စိတ်ဖိစီးမှုတို့ကရောထွေးနေသည်မို့ အတွေးတွေကမကြည်လင် .. ရယ်မောနေရသော်လည်း ပေါ့ပါးသည်ဟုမခံစားရ ... သူငယ်ချင်းတွေအားပေးမှုကိုချည်းခံနေရတာကြာတော့ သူတို့ကိုပင်အားနာလာမိသလို ကိုယ့်ကိုကိုယ်အားပေးနေရသည်မှာလည်း စိတ်ကုန်လှပြီ ... ဘယ်လောက်ပဲအားပေးအားပေး ခဏလောက်သာစိတ်သက်သာရာရသည်မို့ စိတ်ပျော့လွန်းလှသော ကိုယ့်ကိုကိုယ်လည်းမကျေနပ်မုန်းမိပြန်တော့ စိတ်ဒုက္ခကထပ်တိုးသည်သာပင်.. စိတ်မွန်းကြပ်တိုင်းကြည့်မိသောရုပ်ရှင်တွေကလည်းမရေတွက်နိုင်တော့ ..ခဏတာတော့ကျေနပ်ပျော်ရွှင်မိသလိုပါပဲ ..ဒါပေမဲ့လည်း တကယ်ကိုခဏတာလေးပါပဲ... တကယ်တမ်းကျတော့ ဘ၀ဆိုတာရုပ်ရှင်တွေထဲကလို The End ဆိုတာနဲ့ပြီးဆုံးသွားသည်မှမဟုတ်တာလေ.. ဒါပေမဲ့ ဒီနေ့ကြည့်မိသော ကိုရီးယားဇာတ်လမ်းတွဲရဲ့အဆုံးသတ်မှာတော့ အဓိကဇာတ်ကောင် မင်းသားပေါ့လေ .. သူပြောလိုက်တဲ့စကားလေးကိုတော့စိတ်ထဲမှာကျန်ခဲ့နေသလို တွေဝေနောက်ကျိနေတဲ့ စိတ်တချို့ကိုရှင်းလင်းစေလိုက်သလိုပါပဲ.. ဇာတ်လမ်းတလျှောက်လုံးမှာကိုရီးကားဇာတ်လမ်းတွဲတို့ရဲ့ထုံးစံအတိုင်း drama ပီသစွာနဲ့ဇာတ်ကိုနာအောင် မင်းသားကပဲအမျိုးမျိုး ဒုက္ခပေးခံခဲ့ရတာပါ.. မိဘနဲ့ခွဲခံရ လမ်းဘေးရောက် နောက်ဆုံးသေလောက်တဲ့ထိအမျိုးမျိုးဒုက္ခတွေခံစားခဲ့ရတဲ့ကြားက ဘ၀ကိုသူဖြစ်ချင်တဲ့ပေါင်မုန့်လုပ်ခြင်းအတတ်ပညာနဲ့ အောင်မြင်အောင်ကြိုးစားနိုင်ခဲ့သလို ဘယ်လောက်ပဲဒုက္ခတွေကြားထဲရောက်နေ မျက်နှာပေါ်ကအပြုံးမပျက်ဘဲ သည်းခံနိုင်ခဲ့ပါတယ်... သူပြောခဲ့တဲ့စကားကို နားလည်မိတာကတော့ ဒီနေ့တနေ့မှာကောင်းတာတွေဖြစ်လာရုံနဲ့ ဘ၀ကဒီအတိုင်းပြီးမသွားနိုင်သလို ဆိုးတာတွေချည်းဖြစ်ရုံနဲ့လည်းဘ၀ကအတိုင်းပြီးမသွားပါဘူးတဲ့ .. ဘယ်လိုပဲကောင်းတာဆိုးတာတွေဖြစ်နေပါစေ နေတတ်ဖို့လိုအပ်ပါတယ်တဲ့... သူ့ရဲ့စကားကသိပ်မရှည်လှပါဘူး..ဒါပေမဲ့ အတွေးတွေကတော့အများကြီးရှည်သွားအောင်လုပ်နိုင်ခဲ့ပါတယ်.. ရှင်သန်နိုင်ဖို့လိုအပ်ပါတယ်တဲ့လေ ... လူပီသအောင် အသက်ဝင်အောင်နေတတ်ဖို့ပေါ့နော် .. ဆိုးတာတွေဖြစ်နေလို့မပျော်ရွှင်ရဘူး.. ဖြစ်ချင်တာတွေမဖြစ်ရလို့မကျေနပ်စိတ်တိုင်းမကျနေဘူးဆိုရင် ..ကိုယ့်အပေါ်မကောင်းတဲ့လူတွေရှိလို့ အဲ့လူတွေအပေါ်မကောင်းတဲ့စိတ်အတိုင်းပြန်ထားနေမယ်ဆိုရင် ဘ၀ဟာ စိတ်ညစ်ညူးမှုတွေ ..မကျေနပ်မှုတွေ ဒေါသတွေနဲ့မွန်းကြပ်လို့ အသက်သာရှင်နေရမယ် ..ရှင်သန်ရကျိုးမနပ်တော့ပါဘူး ... ရိုးရိုးလေးပဲတွေးကြည့်မိတယ် .. ဘ၀ဆိုတာ နေတတ်ဖို့ပဲလိုအပ်ပါတယ်လေ.. နေတတ်ရင်ဘ၀ဟာကျေနပ်စရာတွေပါပဲ.. လုပ်သင့်လုပ်ထိုက်တာကိုအကောင်းဆုံးလုပ်ဆောင်ရင်း ဖြစ်လာတဲ့အခြေနေတိုင်းကို အကောင်းဆုံးလက်ခံရင်ဆိုင်နိုင်အောင် ကြိုးစားတာဟာ နောင်တမရှိစေတဲ့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတခုပါပဲ ... သိနေတဲ့သဘောတရားတခုကို ပိုပီးနားလည်သဘောပေါက်သွားအောင် အဲဒီဇာတ်လမ်းကလုပ်ပေးလိုက်သလိုပါပဲ... စိတ်ထဲပေါ့ပါးသွားတာကတော့ အမှန်ပါပဲ .... ဒါကြောင့်လဲ ကျမကိုရီးယာ.ရုပ်ရှင်တွေကိုနှစ်သက်ပြီးရင်းနှစ်သက်နေတာဖြစ်မှာပါ... အရမ်းကြည့်ကောင်းပြီးချောတဲ့ ကိုရီးယားမင်းသားတွေကြောင့်လို့ပြောမယ်ဆိုရင်လည်းမငြင်းတော့ပါဘူးနော်.... :)
P.S - အဲဒီဇာတ်လမ်းတွဲနာမည်က " King of Baking, Kim Tak Gu" ပါ..Episode 30 ရှိပါတယ်... www.mysoju.com ကနေကြည့်လို့ရပါတယ်.. ကြည့်ချင်သူများရှိခဲ့ရင်ကြည့်လို့ရအောင်ပါ...
2 comments:
Kim Tak Gu ကားကြည့်ပီးပီ ..။ ဒီမနက်ပဲ ၃၀ ဇာတ်သိမ်းကို ကြည့်လိုက်တာ.. ဟိဟိ.. အရမ်းကြိုက်တယ်... တကယ်ကောင်းတဲ့ကား.. ဇာတ်သိမ်းကိုလည်း အရမ်းသဘောကျတယ်..
ဟုတ်တယ် .. ကိုရီးယားဇာတ်လမ်းတွဲတော်တော်များများက အဆုံးမှာအဖျားရှူးသွားတာများတယ်.. ဒါပေမဲ့ ဒီဇာတ်သိမ်းကတော့အရမ်းကိုကျေနပ်စရာကောင်းပါတယ်...
Post a Comment