
မိုးလင်းလို့ကောင်းကင်ကိုမော့ကြည့်တဲ့အခါ ငှက်ကလေးတွေ ပျံသန်းနေကြတယ်.....သူတို့အတွက် ဒါမှမဟုတ် သူတို့ချစ်ခင်တဲ့သူတွေ အတွက်အစာရှာဖို့အားအင်သစ်တွေနဲ့ ပျံသန်းနေကြတယ်... နောက်ထပ်ပျံသန်းနေတဲ့အရာတွေက လေယာဉ်ပျံတွေပေါ့.. တစ်နေရာနဲ့တစ်နေရာကို အစုန်အဆန်ပျံသန်းနေတဲ့ဒီလေယာဉ်ပျံတွေပေါ်မှာတော့
အားမာန်အပြည့်နဲ့မျှော်လင့်ချက်တွေရင်မှာပိုက်ရင်း ဘ၀ရဲ့အောင်မြင်ခြင်းတွေကိုရှာဖွေဖို့ကြိုးစားမဲ့သူတွေပါလေရဲ့ ....ငှက်ကလေးတွေဟာ လုံလောက်တဲ့အစာရပြီဆိုရင် သူတို့အသိုက်အမြုံရှိရာကို ပျော်ရွှင်ခြင်းတွေနဲ့ပျံသန်းလာ
နိုင်ပြီပေါ့...အောင်မြင်ခြင်းကို ရှာဖွေသူတွေမှာတော့ ကျယ်ပြောလှတဲ့ ဘ၀ကောင်းကင်မှာဘယ်လောက်ထိပျံသန်း နေရဦးမလဲဆိုတာဘယ်သူသိနိုင်ပါ့မလဲ... ပင်ပန်းခြင်းနဲ့ လွမ်းဆွတ်ခြင်းတွေကိုအားအင်တွေအဖြစ်ပြောင်းလဲအသုံးချ
ပြီး ငှက်ကလေးတွေလိုသူတို့ အသိုက်အမြုံရှိရာကို ပျော်ရွှင်စွာ ပျံသန်းသွားနိုင်မယ့်ရက်ကိုမျှော်လင့်ရင်းနဲ့ဘ၀ ကောင်းကင်မှာ ဆက်လက်ပြီးပျံသန်းနေကြရဦးမှာပါ.............................
No comments:
Post a Comment