Welcome to my images of thought!

I'm not good at writing ....this blog is just a part of my thought and you can see my inner heart through it if you can .... Enjoy!!!

Friday, December 12, 2008

သတိရခြင်း..................

ငယ်ငယ်ကဆရာမ House နဲ့ Home အကြောင်းကိုရှင်းပြတော့ရေရေရာရာနားမလည်ခဲ့သလို နည်းနည်းအရွယ်ရောက်လာပြန်တော့လည်းအဲဒီကွာခြားချက်ကိုတိတိကျကျမခံစားတတ်ခဲ့ပြန်ဘူး.....အခုလိုမိသားစု
နဲ့ဝေးနေတဲ့အခါကျမှပဲ My Home ဆိုတဲ့ကိုယ့်မိသားစုတွေနဲ့ အတူတူနေထိုင်ခဲ့တဲ့ အိမ်ကလေးရဲ့ တန်ဖိုးနဲ့လေးနက်ခြင်းတွေကိုရင်ထဲက နက်နက်နဲနဲခံစားတတ်လာတယ်.. ဒီခံစားမှူနဲ့အတူယှဉ်တွဲပါလာတာက လွမ်းဆွတ်ခြင်းတွေပေါ့....နွေးထွေးတဲ့အသိုက်အမြုံလေးထဲက ပျော်စရာနေ့ရက်တွေ..ဖေဖေမေမေတို့ရဲ့အနှိုင်းမဲ့ချစ်ခြင်းတွေ... ထုတ်ဖော်ပြသခြင်းမရှိပေမဲ့ စိတ်ထဲကအလိုလိုသိနေတဲ့နွေးထွေးတဲ့ကြင်နာခြင်းတွေ... အခုတော့တမ်း တနေရင်းပေါ့လေ.... နေရာသစ်ပတ်ဝန်းကျင်သစ်မှာအဆင်ပြေပြေနေထိုင်နေရပြီး အသစ်အဆန်းပျော်စရာတွေ ပြည့်စုံနေပေမဲ့ လည်းနွေးထွေးမှူဆိုတာကိုတော့ ဘယ်လိုမှခံစားလို့မရတော့တာအသေအချာပါပဲ.. တစ်ယောက်တည်းစားရတဲ့ညစာတွေ..နှိုးသူမဲ့တဲ့မနက်ခင်းတွေ ...ှ ဆီးကြိုသူမဲ့တဲ့ အိမ်ပြန်ခြင်း တွေမှာနေသားကျဖို့ကြိုးစားရင်း နောက်ဆုတ်လို့မရတဲ့ခြေလှမ်းတွေနဲ့ သတိရခြင်းတွေကို ရင်ထဲသိမ်းဆည်းရင်း အနာဂါတ်အိပ်မက်တွေဆီဦးတည်လို့ပေါ့...............








No comments: